Saturday, February 2, 2013

The Douchebag Song

ဘလော့ပြန်ရေးတော့မယ်။ ဟိုအရင်က ဘလော့ဂါတွေကို ပြန်တွေ့ရလို့ အတိတ်ကို နည်းနည်း ပြန်သတိရသွားတာရယ်၊ စာရေးခြင်းကို အသေအချာ လေ့ကျင့်တော့မယ်လို့ ဆုံးဖြတ်ကြည့်တာကြောင့် ရယ်ပါ။ Facebook တို့လိုမျိုးမှာ လျှောက်ရေးရတာ သူများမျက်နှာကြည့်နေရတာလည်း ပါတယ်။ ကိုယ့်ပေ့ခ်ျမှာတော့ ကိုယ်က သခင်ကိုး။ မကြိုက် လာမကြည့်နဲ့ဆိုပြီး ခပ်တင်းတင်းပဲ ရေးလို့ရတယ်။ အသစ် မတင်ဖြစ်တဲ့ ကြားထဲမှာ နည်းနည်းပါးပါး လျှောက်ရေးထားတာလေးတွေလည်း ပြန်တင်ပါမယ်။ အခုတော့ ကဗျာလေးနဲ့ ဖွင့်လိုက်မယ်။

The Douchebag Song


Let us sing the song of Douchebag.

Just to smell the pretty hair of my prize,
I had to cultivate for sooooo long.
And then,

"A wild Douchebag appears!"
and took it away.
So easily, he plucked the flower,
the fruit of my sweat and sleepless nights,
just because he is a Douchebag.

O, Douchebag!
"What did I ever do to you?
Spare me and love of my life.
Stay away Douchebag! Stay away!"
He laughed, The Douchebag laughed.
Looked down at me with a face of the victor.
I have lost my words, lost my war.

Douchebag in my nightmare
Douchebag is in his fancy car
Douchebag is at the festival
Douchebag is on the moon
Douchebag is in television
Douchebag is in toilet
Douchebag, Douchebag everywhere.

O, Douchebag!
Will you disappear at the end of the day?
or will you haunt my life forever?


Tuesday, January 1, 2013

On Ethics of Genetic Extermination

This is the second hour of 2013 and I am reading a blog post on talkingphilosophy.com. It talks about the ethics of genetic extermination.

I am not interested in whether we should genetically modify species to exterminate them or not. I am rather interested in, as usual, the line of reasoning.

The writer argued that it can be justified with utilitarian approach, saying that
"its extermination would seem to be morally justified on the grounds that doing so would create more good than harm. Naturally, if a harmful species were also beneficial in other ways, then the matter would be rather more complicated and such extermination could be wrong on the grounds that it would do more harm than good."

Tuesday, July 17, 2012

Dream Record #1

I decided to record my dreams. The motive is not clear. Maybe because I just want to see how my dreams differ from time to time and search for symbolism within them when I'm bored. I am quite a dreamer, i.e., I dream a lot. But I forget most of my dreams, just as many people do. Actually we do remember our dreams as soon as we woke up. We forget because we didn't care or try to remember them. So, from now on, I will try to record my dream as much as I can. I had a series of dreams last night, one after another, but I didn't record them. This is my first dream of last night. I don't know what is that supposed to mean, but still it reflects some unconscious parts of my daily life existence.

"I got black or brown boot with SD card reader on the back. I tied my shoelaces at my home, and put red SD card into reader. There was a USB port for the boot to connect with PC too. Then at the shopping centre, I was in the clothing shop with my friend. I think he was choosing T-shirts. A comment from either one of us is that "westerners likes to wear plain shirts, Asians look better with patterns on their shirts." I think that's me because my friend said "I like Asians," then I said "then wear shirt with patterns." Then we rode the escalator downstairs and find the USB cable for the boot. I even told him about the boot on the way. We searched and asked for USB cable, the sale staff (man) showed us a cable (microphone?) with jack pin. I told him that's not what I was looking for. He said feel free look yourself then I found a shelf with categories on it. I looked for USB cable and I found out that the previous cable (microphone?) is the only one left."

17th July, 2012 4:40 AM
Arkar Kyaw

Monday, February 13, 2012

မင်းကိစ္စ၊ ငါ့ကိစ္စ၊ ခင်မောင်ကျော့်ကိစ္စ၊ မြမြဆင့်ကိစ္စ (မြင့်သန်း)

ကျော်မြင့်ကြီးက သူ့တုတ်အသစ် ပြချင်လို့ဆိုပြီး အတင်းခေါ်တာနဲ့ မရိုက်စဖူး စနေနေ့မှာ သွားရိုက်ဖြစ်တာပဲ။ တနင်္လာနေ့ကတည်းက ကျော်မြင့် ဖုန်းဆက်တယ်။ စနေနေ့ကျရင် ရိုက်ကြရအောင်တဲ့။

"စနေ၊ တနင်္ဂနွေနေ့တွေမှာ ငါမရိုက်ဘူး" လို့ ကျွန်တော်က ပြောလိုက်တယ်။

ဘာလို့တုန်းလို့ သူက ပြန်မေးတော့ "မင်းလည်း သိသားပဲ စနေ၊ တနင်္ဂနွေတွေမှာ မရိုက်ဘူးဆိုတာ" လို့ ကျွန်တော်က ထပ်ပြောလိုက်တယ်။ "စနေ၊ တနင်္ဂနွေဆိုရင် လူများတယ်။ ပြီးတော့ ဂေါက်သီးဆိုတာက သူ့အက်တိကက်၊ သူ့ပရိုတိုကော်(လ) နဲ့သူရှိတယ်။ ယဉ်ကျေးမှုတစ်ရပ်ပဲ။ ခုတော့ စနေ၊ တနင်္ဂနွေဆိုရင် ကွင်းမှာ ပိုက်ဆံရှိလို့ ဂေါက်သီးရိုက်တယ် ဆိုတာမျိုးတွေ၊ ကလေကဝတွေ များလာတော့ ရိုက်ချင်စိတ်ရှိရင် လူပါးတဲ့ရက် ရွေးရိုက်တယ်လို့" ကျော်မြင့်ကို ရှင်းပြလိုက်ရတယ်။ ငယ်ငယ်ကတည်းက ဂေါက်သီးကိုကြိုက်လို့ ရိုက်ပေတဲ့ အရသာကို နားမလည်ဘူး။ ကျွန်တော့်ကို ဂေါက်သီးရိုက်တဲ့အရသာ လမ်းဖွင့်ပေးသွားတဲ့ လူကြီးက သံအမတ်ဟောင်းကြီး။ ဒီအရင်ကတော့ အက်ဂျူဒင့် ဂျင်နရယ်လား၊ ကွာတာ မာစတာ ဂျင်နရယ်လား မသိဘူး လုပ်ခဲ့တာ ထင်တယ်။ ဂေါက်ကွင်းပိတ်တဲ့တစ်နေ့ ဂေါက်ကွင်းသွားပြီး ကယ်ဒီတွေနဲ့ ထိုင်စကားပြောနေရင်း ကွင်းထဲမှာ ကယ်ဒီတစ်ယောက်နဲ့ ဂေါက်ရိုက်နေတဲ့ လူတစ်ယောက်တွေ့ရလို့ မေးကြည့်တော့ ဘယ်သူဘယ်ဝါလို့ သိရတယ်။ ဒီတော့မှ အပြင်ဘက်က သစ်ပင်ရိပ်အောက်မှာ ရပ်ထားတဲ့ ကားနက်ကြီးကို သတိထားလိုက်မိတယ်။ "ဆရာကြီးက ရွှေဘဲသုံးလိပ်နဲ့ လာရိုက်တာလို့" ကယ်ဒီတစ်ယောက်က ပြောတယ်။ ဟုတ်ပုံရတယ်။

Saturday, December 17, 2011

All in the Family by Brian Warner


He hoped the tape recorder would still work. It was one of those small portable ones often used in schools or libraries. 

Teddy didn't even realize the irony of his action-Angie was in fact the one who had bought it for him. He wiped the hair and blood off the corner and released a sigh of frustration. "Mother will probably ground me from the television," he considered, looking to the mess he had made.

"Damn her. Damn them all. Why did she have to hurt Peg? Why?" Balefully, he kicked the corpse beside him. Her glazed eyes stared back at him with empty fascination. "You bitch. You killed Peg."

His sister's dead look gave no response. (He wondered why.) Her face looked so shadowed. He lifted her head up by her clotted hair and saw that it was dried blood on her cheek that created the mock shadow. He saw, too, that the dent in her skull had stopped gushing; the coagulated blood had formed a gelatinous plug.


Mother would be home soon. He would have to dig a grave.

Wednesday, October 26, 2011

The Birth of the Author


တချို့ကတော့ စာရေးဆရာ သေဆုံးသွားပြီလို့ ပြောကြတယ်။

ပြောချင်တာက စာပေအနုပညာတစ်ခုမှာ စာရေးဆရာက ရေးသားဖန်တီးပြီးတဲ့နောက်ပိုင်း စာရေးဆရာရဲ့ အခန်းကဏ္ဍဟာပြီးဆုံးသွားပြီဆိုတာပါ။ စာပေတစ်ခုကို ဖတ်ရှုတဲ့အခါမှာ အဓိပ္ပာယ်ဟာ စာဖတ်သူရဲ့ သိမြင်ရှုမှတ်မှုပေါ်မှာပဲ အခြေခံပြီး စာရေးသူနဲ့ မပတ်သက်တော့ဘူးဆိုတာပါ။ ဒယ်ရီဒါရဲ့ deconstruction အရ ဒီအဆိုကို ပြောကြတာထင်ပါတယ်။ ကျွန်တော်တို့ စာတစ်ပုဒ် ကဗျာတစ်ပုဒ်ကို ဖတ်တဲ့အခါမှာ ကျွန်တော်တို့ဟာ စာရေးသူ ချပြထားတဲ့ ဇာတ်ကြောင်းကို ဖတ်ပေမယ့် ကျွန်တော်တို့ရဲ့ဘာသာစကားအနက်ပြန်မှု context ဟာ ကျွန်တော်တို့ လက်ဝယ်မှာပဲ ရှိနေတယ် ဆိုတာပါ။ ဘယ်သူမှ စာတစ်ပုဒ် ကဗျာတစ်ပုဒ်ကို အစွဲကင်းကင်းနဲ့ မဖတ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ သိမှုတွေ၊ ယဉ်ကျေးမှုတွေ၊ ကျင့်ဝတ်တွေ ဘောင်အတွင်းကနေပဲ အနက်ပြန်ကြပါတယ်။ တကယ်လို့သာ လုံးဝအစွဲကင်းကင်းနဲ့ ဖတ်နိုင်ပြီဆိုရင်လည်း အဲဒီ စကားလုံးတွေဟာ အဓိပ္ပာယ်တစ်စုံတစ်ရာကို ကိုယ်စားမပြုနိုင်တော့ပဲ စာမျက်နှာပေါ်က၊ ဖန်သားပြင်ပေါ်က ဗျည်းနဲ့အက္ခရာတွေ အဖြစ်သာ မြင်ရပါလိမ့်မယ်။

Monday, October 17, 2011

ကားဂိတ် (မြင့်သန်း)

ကျွန်တော် အနားယူတော့မယ်လို့ စဉ်းစားတော့ ကျွန်တော့်နေရာကို ဆက်ခံမယ့်လူကို ရှာရတယ်။ ကျွန်တော့်တပည့်တွေထဲက တစ်ယောက်ယောက်ကို ရွေးရမှာပဲ။ ရွေးတယ်ဆိုတာကလည်း တက္ကသိုလ်ရဲ့ မူအရ။ အနားယူမယ့် ပါမောက္ခက သူ့နေရာအတွက် သင့်တင့်တဲ့ လူတစ်ယောက်ယောက်ရှာပြီး တက္ကသိုလ်ရဲ့ ကောင်စီကို အဆိုပြုရုံပဲ။ အဆိုပြုစရာ လူမရှိကာမှ တခြားမှာ လိုက်ရှာရတာ။ ကျွန်တော်တို့မှာက ဘွဲ့ကြိုသင်တန်းတွေကို သင်တာမျိုး မရှိဘူး။ ဘွဲ့လွန်နဲ့ သုတေသနလုပ်နေတဲ့ လူတွေလောက်ပဲ ရှိတယ်။ ကြီးကြီးကျယ်ကျယ်ပြောမယ်ဆိုရင်တော့ အသိပညာချင်း ဖလှယ်ကြတဲ့လူတွေရဲ့ ရပ်ဝန်းပဲ။ ကျွန်တော့်တုန်းကလည်း ကျွန်တော့်ဆရာက ရွေးတာပဲ။ သူ အနားမယူခင် နှစ်နှစ်လောက်ကတည်းက ကျွန်တော့်ကို ရာထားတာ။ အဲဒီကတည်းက ကျွန်တော်လည်း ကျွန်တော့်ဆရာအလုပ်တွေကို တွဲလုပ်ရတယ်။ တွဲလုပ်ရရုံမကဘူး သွားအတူ လာအတူ သဘောမျိုးနေရတယ်။ ကျွန်တော် သဘောအကျဆုံးကတော့ ညနေတိုင်း လမ်းလျှောက်ထွက်တဲ့အခါပဲ။ ပါမောက္ခတွေအတွက် ပေးထားတဲ့ အိမ်ကလေးဆီကနေ ဆရာကြီးက ထွက်လာတာကို ကျွန်တော်က သစ်ပင်အုပ်ကလေးတွေအောက်ဆီက ခုံတန်းကလေး တစ်ခုကနေ ထိုင်ရင်း စောင့်လေ့ရှိတယ်။ လေးနာရီ လေးနာရီခွဲလောက် ရှိမယ်။ နောက်တော့ သစ်ပင်အုပ်ကလေးအောက်က ဖြတ်လျှောက်ပြီး တက္ကသိုလ်ဝင်းရဲ့ အပြင်ဘက်ဆီ ထွက်ပြီး ရေကာတာ လုပ်ထားတဲ့ တာရိုးဘောင်ပေါ် တက်တယ်။ အဲဒီကနေ တာရိုးအတိုင်း အနောက်ဘက်တည့်တည့် လျှောက်ကြတယ်။ ကျွန်တော့်ဆရာမှာ နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း ထီးတစ်လက်ပါတယ်။ များသောအားဖြင့် ဖွင့်ဆောင်းရတယ်လို့တော့ မရှိခဲ့ဘူး။ ကျွန်တော်ကလည်း ဘာလို့ ဆရာကြီးလက်ထဲမှာ ထီးကိုင်လာတယ်ဆိုတာကို တစ်ခါမှ မေးမကြည့်မိခဲ့ဖူးဘူး။ တာရိုးဆုံးတော့ ခုံတန်းကလေးတွေ ရှိတယ်။ တချို့က ရေကာတာဘက်ကို လှည့်ထားတယ်။ တချို့က ရေကာတာရဲ့ ဆန့်ကျင်ဘက်က ကားလမ်းဘက်ဆီ လှည့်ထားတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဆရာကြီးကတော့ ကားလမ်းဘက်ဆီ လှည့်ထားတဲ့ ထိုင်ခုံကလေးတွေမှာ ထိုင်လေ့ရှိကြတယ်။ ထိုင်ရင်း အောက်ဘက်မှာ သွားလာနေကြတဲ့ ကားတွေ လူတွေကို ငေးရင်း ဟိုအကြောင်း ဒီအကြောင်း ပြောလေ့ရှိကြတယ်။ တစ်ခါတလေတော့လည်း ခွေးနဲ့ လမ်းလျှောက်ထွက်လာတဲ့ မိန်းမ လှလှကလေးတွေကို ငေးကြည့်မိတတ်ကြတယ်။ တစ်ခါတလေ ဆရာကြီးပါးစပ်ထဲက ချစ်စရာအကောင်းသားလို့ ထွက်လာတယ်။ ခွေးကလေးကို ရည်ရွယ်ပြီး ပြောတာပဲလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်ကတော့ ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်မိတယ်။ ခွေးပဲ ဘာချစ်စရာရှိတာမှတ်လို့လို့တော့ ကိုယ့်ဘာသာ စိတ်ထဲမှာ ပြောလိုက်မိတယ်။ ပြီးတော့မှ အော် . . ငါ့ဆရာကြီးခမျာ ခွေးကလေး ကြောင်ကလေးကို ချစ်တတ်တဲ့အရွယ် ရောက်သွားပါပကောလို့ပဲ တွေးလိုက်မိတယ်။ အဲဒီတုန်းကတော့ ကျွန်တော် ကိုယ်တိုင်ကလည်း သန်တုန်းမြန်တုန်း ငါးဆယ့်သုံးဆိုတာလောက်ပဲ ရှိသေးတာကိုး။ ချစ်ရင်းချစ်တော့ လူပဲ ချစ်တော့မှာပေါ့။ လူတွေကို မချစ်နိုင်တော့မှပဲ တိရစ္ဆာန်ကို ချစ်ကြည့်ရမှာပဲ။ အဲဒီတုန်းကတော့ အဟိတ်တိရစ္ဆာန်ဆိုတာကို လူကချစ်တယ်ဆိုတာ သိပ်တော့ အဓိပ္ပာယ်မရှိလှဘူးလို့ ထင်ခဲ့တာပဲ။

ကျွန်တော်နဲ့ ကျွန်တော့်ဆရာကြီးတို့ အဲဒီမှာထိုင်ရင်း များသောအားဖြင့် အောက်ဘက်မလှမ်းမကမ်းနားဆီက ကားဂိတ်ဆီကို လှမ်းပြီးကြည့်နေမိတတ်မိတယ်။ ဘာကြောင့်မှန်းတော့မသိဘူး။ အဲဒီတုန်းကလည်း မသိခဲ့ဘူး။ ခုလည်း မသိသေးဘူး။ တစ်ခါတလေတော့ ဆရာကြီးက သက်ပြင်းချရင်း ကားဂိတ်အကြောင်း ပြောပြတယ်။ ပိုပြီး သေသေချာချာပြောရရင်တော့ အတိတ်တုန်းက ခုမြင်နေရတဲ့ ကားဂိတ်အကြောင်းပဲ။ ဆရာ ပါမောက္ခ မဖြစ်ခင်က ကားဂိတ်ဟာ ခုလို မဟုတ်ဘူး။ သစ်ပင်အုပ်ပဲ ရှိသေးတယ်။ ခုတော့ ကားစောင့်တဲ့လူတွေအတွက် အမိုးအကာနဲ့ အခိုင်အခန့်ပဲ။ ဒါတင် ဘာဟုတ်သေးလဲ။ ရေကာတာကြီးရဲ့ ဘောင်က ခုလို လမ်းလျှောက်ကောင်းလောက်အောင် ကျောက်ပြားတွေ ဘာတွေ ခင်းမထားသေးဘူး။ ခု ဆရာတို့ ထိုင်နေတဲ့ ခုံတန်းကလေးတွေလည်း မရှိသေးဘူး။ ခုလို မင်းနဲ့ဆရာ လမ်းလျှောက်သလိုပဲ ဆရာလည်း ဆရာ့ဆရာကြီးနဲ့ ညနေတိုင်း လမ်းလျှောက်ထွက်လေ့ ရှိတယ်။ ဒီနားရောက်တဲ့အခါ ရေကာတာတည်စဉ်က လှဲထားခဲ့တဲ့ သစ်ပင်ငုတ်တိုတွေပဲ ရှိတယ်။ အဲဒီအပေါ်မှာ ဆရာတို့ ထိုင်ကြတယ်။ ဘာမှလည်း သိပ်ကြည့်စရာမှ မရှိဘဲကိုး။ ဒီတော့ လမ်းမဘက်ကိုလှည့်ပြီး အဲဒီကားဂိတ်ကလေးကိုပဲ ကြည့်ရတယ်။ အဲဒီတုန်းကဆို ကားလမ်းက ခုလောက် မကျယ်သေးဘူး။ ဒါပေတဲ့ ကားစောင့်တဲ့ လူတွေကတော့ အမြဲလိုပဲ ရှိနေကြတယ်။ စနေ တနင်္ဂနွေလို နေ့မျိုးမှာတောင် ကားဂိတ်မှာ ကားစောင့်တဲ့လူတွေ ရှိနေတတ်တယ်။ ဘတ်(စ)ကားမျိုးစုံတော့ ရပ်တာပဲ။ ဒါပေတဲ့ စောင့်နေတဲ့လူတွေက သူတို့ သွားချင်တဲ့ခရီးကိုသွားတဲ့ ဘတ်(စ)ကားကိုမှ စီးကြတာဆိုတော့ ကားလာတိုင်း ကားပေါ်ကို စောင့်နေတဲ့လူတွေ အကုန်လုံး မတက်ကြဘူး။ လာတဲ့ကားတိုင်းကလည်း ရပ်စောင့်နေတဲ့လူတွေအားလုံး သွားချင်တဲ့ခရီးအတွက် မဟုတ်ဘူး။ ဒီတော့ ကားဂိတ်မှာ ကားစောင့်နေတဲ့ လူတွေဟာ အမြဲရှိနေတတ်တယ်။ ဒါတောင် အဲဒီတုန်းကဆိုရင် ကားစောင့်တဲ့လူတွေအတွက် ခုလို ထိုင်စရာတွေဘာတွေ မရှိသေးဘူး။ သစ်တုံး၊ သစ်ငုတ်တို၊ အုတ်ခဲ အကျိုးအပဲ့တွေပေါ်မှာ ထိုင်စောင့်ရတာ။ မိုးရွာရင် ထီးဆောင်းပေါ့ကွာ။ ညနေတိုင်း ဆရာနဲ့ ဆရာ့ဆရာကြီးတို့ ဒီနားဆီက ထိုင်ပြီးကြည့်ရင်း ကြာလာတော့ သတိထားမိလာကြတယ်။ ဒီကောင်ကလေးတစ်သိုက်ကဖြင့် တံဆိပ်အပြာနဲ့ကားပေါ် တက်မှာ။ ဒီလူကတော့ဖြင့် တံဆိပ်အစိမ်းနဲ့ကားပေါ် တက်မှာ။ ဒီသူငယ်မကလေးကတော့ဖြင့် တံဆိပ်အနီနဲ့ကားပေါ် တက်မှာ။ တစ်ခါတလေတော့လည်း တံဆိပ်အနီနဲ့ကားပေါ် တက်နေကျ ကောင်ကလေးနဲ့ တံဆိပ်အစီမ်းပေါ် တက်နေကျ ကောင်ကလေးတို့ နှစ်ယောက်သား တံဆိပ်အစီမ်းကားပေါ် အတူတူ တက်သွားကြရော။ ဒီတော့ ဆရာတို့လည်း ဒီနားကထိုင်နေရင်း တွေးကြည့်ကြရတယ်။ သူတို့နှစ်ယောက်သား ဘယ်ကိုသွားကြမှာလဲ၊ ဘာဖြစ်လို့လဲ၊ ဘာလုပ်ကြမှာလဲ . . စသဖြင့် အမျိုးစုံ တွေးကြည့်ကြတာပဲ။ နောက်တစ်နေ့ရောက်တော့ သူတို့ အတူတူကားစီးကြသေးလား မစီးကြတော့ဘူးလား။ အပြာရောင်တံဆိပ်နဲ့ကားကိုစီးတဲ့ ကောင်ကလေးထဲက ဘယ်နှစ်ယောက်များ ဒီနေ့ ကားမစောင့်တာရှိသလဲဆိုပြီး ကြိုတွေးကြည့်မိကြတယ်။ တစ်နေ့တော့ ဆရာ့ဆရာကြီးက မေးတယ်။ လူတွေဟာ နေ့တိုင်းလို ကားဂိတ်မှာ ကားလာစောင့်တာ ဘယ်သွားတယ်လို့ မင်းထင်သလဲတဲ့။ ဆရာကတော့ ဘယ်ဖြေတတ်မှာတုန်း။ ပြုံးပဲနေလိုက်ရသတဲ့။

Saturday, September 24, 2011

ကိုယ်ပိုင် စာကြည့်တိုက်

 ပညာဆိုတာ အင်မတန် တန်ဖိုးကြီးပါတယ်။ ပညာရှိရင် ဘာမဆိုဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင် မှာ ငြင်းတဲ့အခါ နိုင်အောင်ငြင်းနိုင်ရုံမက နိုင်ငံတစ်နိုင်လုံးကိုပါ ဦးဆောင်နိုင်ပါတယ်။ ပညာအများစုဟာ စာအုပ်တွေထဲမှာ ရှိပါတယ်။ စာများများဖတ်လေ၊ အတွေ့အကြုံပိုရှိလေ၊ ပိုစဉ်းစားတတ်လာလေ၊ ပညာရှိလေပါပဲ။ ကျွန်တော်ကတော့ အသက်ကို ပညာနဲ့တိုင်းပါတယ်။ ဒါကြောင့် စာအုပ်တွေဟာ ဘဝမှာ အရေးပါဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ရာ နိုင်ငံသားတွေ ပညာတတ်ရေးပါ အရေးပါဆုံးပါ။ နိုင်ငံသားတွေ ပညာတတ်ရန် စာကြည့်တိုက်တွေဟာ လိုအပ်ပါတယ်။ အခု မြန်မာပြည်မှာ ကျေးရွာစာကြည့်တိုက်တွေ၊ မြို့နယ်စာကြည့်တိုက်တွေ ဗုံးပေါလအော ဖွင့်နေတာ သတင်းစာထဲမှာ တွေ့ရပါတယ်။ အောင်မြင်သလား မအောင်မြင်သလား မသိပါ။ ကျွန်တော် စဉ်းစားကြည့်ပါတယ်။ ဘယ်လိုကူညီနိုင်မလဲပေါ့။ အလှူငွေထည့်ဖို့လဲ အပိုငွေမရှိပါ။ အမြတ်တနိုး စုဆောင်းထားတဲ့ စာအုပ်တွေ လှူပစ်ဖို့ဆိုတာကလဲ မလွယ်ပါဘူး။ ဒါကြောင့် နိုင်ငံတော်တိုးတက်ရေးကို ကူညီပေးတဲ့အနေနဲ့ ကိုယ်ပိုင်စာကြည့်တိုက် လုပ်ဖို့ စဉ်းစားကြည့်ပါတယ်။

Saturday, September 17, 2011

Long Hard Road Out of Hell


I have always been a huge fan of Marilyn Manson. I loved his music, performance, writings, appearance, well, everything. I admired him and in the same level as Hitler, Mao, and even Nietzsche and Karl Marx. Because he is the only individual of our age who is so powerful and strong. I was heavily influenced by him since I was a kid. Actually, my interest in philosophy, religion, fame, and freedom started with listening to him. His lyrics struck me in the head. I admired him, appreciated him. It is normal for me to have interest in the life of a man who I admire.

Through the reading of his book, I became to understand him more than ever. His ideas, his life, his experiences, his philosophy, I can see them clearly in his book. His life is a story of a worm, who is scared and abused, struggle his way up to get wings and became a hero, Antichrist.

Tuesday, September 6, 2011

Franz Kafka's The Trial Review

It's been a long time since i update this blog. The reason is I simply don't have any inspiration these days. (or maybe I'm not trying to write) Just as in my last short-story, my life-course is repeated with same schedule everyday and then I'm lost. Still, there are some drafts which are just some paragraphs or comments. Here is one of these, a review I wrote on Goodreads.com, which maybe my last straw to regain my inspiration. I hope I can update again one or twice per week.

P.S. I will try to avoid sophisticated tone in my later submissions and try to act like just another blogger ;D



Kafka's another attempt to make fun of living a life. This time with the Trial. One morning, you are accused with unknown crime and live your life as a criminal, everyday is the trial. You can't do anything to defend. You can't run, you can't hide. You desperately search for help but that, too, is hopeless. The Law is above everything. (Heavenly law?) Later, you will realize that you can't do anything to it and finally wait for the judgement, and accept it. That is Kafka's version of life.

In this story, Kafka's symbolism is impressive. It reflects on religion, life, law, even political status of Germany in his era. The young has lost hope, the court is unreliable, the court officials are the worst of all. I'm afraid it, too, reflects the current state of Burma today.

Thursday, June 2, 2011

ကျေးလက်ဆရာဝန်

ဤအရေးအသားမှာ ကာ(ဖ)ကာ 1919 ခုနှစ်က ထုတ်ဝေခဲ့သော အရေးအသားဖြစ်သည်။ သူ၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ် ခေါင်းစဉ်အမည်လည်း ဖြစ်သည်။ မူရင်း ဂျာမန်ဘာသာစကားမှ အင်္ဂလိပ်ဘာသာပြန်သူ အများအပြားရှိရာ ယခု အရေးအသားတွင် Malaspina University-College မှ Ian Johnston ၏ မူကို ဘာသာပြန်ထားခြင်း ဖြစ်သည်။ ဘာသာစကား တည်ဆောက်ပုံအခြေခံ မတူညီသော အင်္ဂလိပ်မှ မြန်မာသို့ ဘာသာပြန်ဆိုရာတွင် အကြောင်းအရာကိုသာ အနီးစပ်ဆုံး ပြန်လည်ဖော်ပြနိုင်ပြီး “အရေးအသား” မှာ ပျောက်ဆုံးသွားတတ်ကြသည်။ အင်္ဂလိပ်တို့၏ ဘာသာစကား ဘောင်အတွင်းမှသာ နားလည်နိုင်သော အသုံးအနှုန်းများ၊ ဝါကျများ၊ ဘန်းစကားများမှာ ရှိတတ်စမြဲဖြစ်သည်။ ကျွန်တော် ဘာသာပြန်ဆိုထားခြင်းမှာ အကြမ်းထည်မျှသာဖြစ်ပြီး တကယ့် ကာ(ဖ)ကာကို မတွေ့နိုင်။ ထို့ကြောင့် တတ်နိုင်လျှင် မူရင်း ဂျာမန် အရေးအသားကိုသာ ရှာဖွေဖတ်ရှု စေချင်သည်။ ဂျပန်မှလည်း ကာတွန်းပြန်ဆွဲထားသည်။ ယခု ကျွန်တော် ဘာသာပြန်ထားသော အင်္ဂလိပ် အရေးအသား မူရင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။ http://records.viu.ca/~johnstoi/kafka/countrydoctor.htm

Friday, May 6, 2011

ဘာသာပြန်တဲ့ကိစ္စ

ဗျို့ ဦးတေဇာ

ကျွန်တော် ဟိုနေ့ညက အင်တာနက်လိုင်း ပြတ်တောက်သွားလို့ ပြောနေတာလေး မပြီးမပြတ် ဖြစ်သွားရတာကို အခု နည်းနည်းတော့ ဆက်ပြောချင်တယ်။ ကျွန်တော် ဘာသာပြန်တဲ့ ကိစ္စမှာ မကျွမ်းကျင်သလို ဘိုစာကိုလည်း တစ်ဖက်ကမ်းခတ် တတ်မြောက်ထားတဲ့သူ မဟုတ်ပါဘူး။ စာဖတ်သူတစ်ယောက်ရဲ့အမြင်၊ လမ်းပေါ်က လူတစ်ယောက်ရဲ့ အတွေးနဲ့ ဆွေးနွေးကြည့်တာပါပဲ။

ဘာသာရပ်ဆိုင်ရာ အရေးအသားတွေကို ဘာသာပြန်တဲ့ကိစ္စဟာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ အထူးသဖြင့် Philosophy လို ဘာသာရပ်မျိုးပေါ့။ ဦးလေးသိတဲ့အတိုင်း Philosophy ဟာ နဂိုကတည်းက သဘောတရား ရှုပ်ထွေးတဲ့အပြင် စကားလုံး အသုံးအနှုန်းတွေကလည်း ခက်ခဲပါတယ်။ ဒီလိုဟာမျိုးကို ဘာသာစကား ဖလှယ်ပြီး ပြန်လည်တင်ပြဖို့ဆိုတာ တော်တော်မလွယ်ပါဘူး။ ဒါပေမယ့်လည်း Philosophy မှာ စကားလုံး/စာလုံးတွေက အရေးကြီးဆုံး ဖြစ်နေလေတော့ ဘာသာစကားနဲ့လည်း ကင်းကွာလို့ မဖြစ်ဘူး။ (သင်္ချာမှာလို သင်္ကေတနဲ့ ရှင်းပြဖို့ဆိုတာ မဖြစ်နိုင်ဘူး။) ဒီတော့လည်း Philosophy ကို ဘာသာပြန်တဲ့ အခါမှာ အဓိပ္ပာယ်တိကျမှုက လိုအပ်ချက် တစ်ခုပဲ။ စကားလုံး/စာလုံး တစ်ခုဟာ အယူအဆ၊ အဓိပ္ပာယ် ကွဲပြားသွားနိုင်တာပဲ။