ဗမာဘာသာပြန် ရှိတယ်ကြားတယ်။ စဉ်းစားမရတာက ဘာကြောင့် “နော်ဝေတောအုပ်” လို့ ဘာသာပြန်ရတာလည်း ဆိုတာပဲ။ Wood ကို မြင်လို့ “တောအုပ်” လို့ ဆိုချင်ရင်တောင်
“woods” ဆိုပြီး s ပါမှ တောအုပ်ဆိုတာ သိသင့်တယ် ထင်တာပဲ။ စာအုပ်ထဲမှာတော့ နော်ဝေးအကြောင်း
တောအုပ်အကြောင်း တစ်လုံးတစ်စတောင် မပါဘူး။ Beatles ရဲ့ သီချင်း Norwegian Wood ကိုပဲ
ရည်ရွယ်ပြီး ပြောထားတာပဲ။ အဲဒီ စာလုံးရဲ့ အဓိပ္ပာယ်ကို ရှာကြည့်တော့ အငြင်းပွားနေကြတာ
တွေ့ရတယ်။ တစ်ချို့က ဗြိတိန်က ဆင်းရဲတဲ့ အိမ်တွေမှာ သုံးတတ်တဲ့ နော်ဝေးကလာတဲ့ သစ်နဲ့လုပ်တဲ့
ပရိဘောဂ အညံ့စားကို ညွှန်းတာလို့ဆိုတယ်။ တစ်ချို့က ရေစိုလို့ မီးမစွဲနိုင်တဲ့ ထင်းကို
ခေါ်တာလို့လည်း ပြောတယ်။ ဒီစာအုပ်ထဲမှာတော့ Beatles ရဲ့ သီချင်းကိုပဲ ညွှန်းထားတယ်။ နောက်ထပ်
အဓိပ္ပာယ်ကောက်ချင်ရင်လည်း ရချင်ရမယ်။ သေချာတာတော့ ဘယ်နော်ဝေးပြည်က တောအုပ်ကိုမှ ပြောထားတာ
မဟုတ်ဘူး။
ရုပ်ရှင်လည်း ပြန်ရိုက်ထားတယ်။ စာအုပ်ဖတ်ပြီးလို့ ရုပ်ရှင်ကြည့်ချင်တယ်ဆိုတဲ့
သူတွေကို မကြည့်နဲ့လို့ တိုက်တွန်းချင်တယ်။ ကိုယ့်မှာရှိထားတဲ့ ဇာတ်ကောင်တွေရဲ့
image တွေ ပျက်ကုန်လိမ့်မယ် (အထူးသဖြင့် Midori)။ စာအုပ်ကို ပြန်ရိုက်တဲ့ ရုပ်ရှင်တော်တော်များများ
ဖြစ်လေ့ရှိတာပဲ။ နှစ်နာရီအတွင်း ပြီးပြည့်စုံအောင် မပြနိုင်လို့ထက် အစကတည်းက မရိုက်သင့်တဲ့
ဝတ္ထုလို့ ထင်တယ်။ ဒီစာအုပ်ရဲ့ အားသာချက်က ဝတ္ထုနဲ့ စာဖတ်သူ တိုက်ရိုက် communicate လုပ်နိုင်တာပဲ။
ဆိုလိုတာက စာဖတ်သူက ဇာတ်ကောင်တွေကတဆင့် ဇာတ်လမ်းကို ကြည့်နေရတာမျိုး မဟုတ်ဘူး။ ဖတ်တဲ့သူက
ကိုယ့်ဇာတ်လမ်းကိုယ် ကြည့်နေရသလို ဖြစ်နေနိုင်တဲ့ ဝတ္ထုမျိုး။ အဲဒါမျိုးကို ရုပ်ရှင်ရိုက်ပြီး
ထိုင်ကြည့်ရတာ သိပ်အရသာမရှိဘူး။ ရုပ်ရှင်မှာ မထည့်နိုင်တဲ့ အခန်းတွေ အများကြီးပဲ။ သရုပ်ဆောင်လည်း
သိပ်မကောင်းဘူး။ မင်းသား၊ မင်းသမီး ချောတယ်ဆိုတာနဲ့ ရှုခင်းတွေလှတယ်လို့ပဲ အကောင်းပြောနိုင်တယ်။
ဝတ္ထုကတော့ ဖတ်ရတာ တကယ်ကို ကျေနပ်ဖို့ကောင်းတဲ့ ဝတ္ထုတစ်အုပ်ပဲ။
ဇာတ်လမ်း ဇာတ်ကွက်အနေနဲ့ ဒီလောက်ကြီး မဟုတ်တောင် ဖတ်ရတာ ပြီးပြည့်စုံတဲ့ ခံစားမှုကို
ပေးနိုင်တယ်။ အခြား မူရာကာမိရဲ့ ဝတ္ထုတွေလို အနာဂတ်ကို ရွေ့မသွားဘူး။ ဆိုလိုတာက အနောက်မှာ
ဘာဆက်ဖြစ်မလဲဆိုတာကို ဖတ်နေရင်းနဲ့ မျှော်တလင့်လင့် ဖြစ်မနေဘူး။ ဝတ္ထုဟာ ပစ္ပုပ္ပာန်မှာပဲ
သွားနေတယ်။ စာဖတ်နေရတာလည်း ပစ္ပုပ္ပာန်မှာပဲ တရွေ့ရွေ့နဲ့ လိုက်သွားနေရတယ်။ ဖတ်နေရင်းနဲ့
ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့နေတယ်။ ဇာတ်လမ်းက ဘာမှမထူးခြားဘူး၊ ဇာတ်ကောင်တွေကလည်း ဘာမှ
မထူးခြားဘူး၊ Presentation ကလည်း မထူးခြားဘူး။ အားလုံးသာမန်ပဲ။ အဲဒီလို မထူးခြားတာကိုက
ဒီဝတ္ထုရဲ့ ထူးခြားချက်လို့ပဲ ပြောရမယ်။ အဓိက ဇာတ်ကောင်ဆိုရင် (မော်ဒန် ဝတ္ထုတွေရဲ့ ထုံးစံအတိုင်း)
ဘာမှ ထူးခြားတဲ့ character မရှိဘူး။ ဒါကြောင့်လည်း သူ့ပုံပြင်ကို ဖတ်နေရင်းနဲ့ ကိုယ့်ကိုယ်ကို
ပြန်ပြန်တွေ့နေမိတာပဲ။ ဇာတ်လမ်းတစ်ခုလုံး သေခြင်းနဲ့ ရှင်ခြင်း၊ ရှိခြင်းနဲ့ မရှိခြင်း၊
သိခြင်းနဲ့ မသိခြင်းတို့ကြားထဲမှာ လူးလွန့်နေတယ်။ အတိတ်ဟာ ပစ္စုပ္ပာန်ရဲ့ တစ်ပိုင်းတစ်စ
အနေနဲ့ ပါဝင် ပတ်သက်နေတယ်။ ဇာတ်လိုက်ရဲ့ အတိတ်က ပြန်ပေါ်လာတိုင်း ကိုယ့်ရဲ့ အတိတ်ကို
ပြန်ပြန်တွေ့နေမိတယ်။ ဒီစာအုပ်ရဲ့ အရသာက ဖတ်နေရတဲ့ process မှာ ပိုတည်နေတယ်။ ဖတ်ရင်းနဲ့
မောမောသွားလို့ ခဏချလိုက် ပြန်ဖတ်လိုက် ဖြစ်ဖြစ်နေတယ်။
ဒီထက်ပိုပြီးတော့ သိပ်မရှင်းပြတတ်ဘူး။ ဖတ်ကြည့်ကြပါလို့ပဲ
တိုက်တွန်းချင်တယ်။ လူတိုင်းလည်း ကြိုက်ချင်မှ ကြိုက်မယ်။ အတိတ်ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက်မှ
မတူနိုင်ကြတာပဲ။ ဒီစာအုပ် ဖတ်ပြီးတော့ ကဗျာတစ်ပုဒ် ရေးမိတယ်။ ဖတ်ကြည့်ကြပါ။
Norwegian
Wood
I
feel awkwardly painful at nights
Waking
up from sleep, drenched in sweat
With
a Beatles song in my head.
Am
I a person I used to be?
or
a Norwegian wood that cannot catch a fire?
Heal
me, moonlight! Heal me, Yevon!
Heal
me, my love.
I
am a broken man.
Flawed
more than you'd ever think I would
Destroyed
in every way possible,
Sinking
in ...
slowly
but
surely.
And
here I am, writing a poem
A
futile attempt to collect
Pieces
by pieces of myself.
1 comment:
ဟုတ်ပ ဘာကြောင့် တောအုပ်ပဲဖြစ်ချင်နေကြတယ်မသိ (ကဗျာဆန်အောင်ပဲဖြစ်မယ်) မြန်မာပြန်တစ်အုပ်ကတော့ ဆိုးပါတယ်ဗျာ ဘာတဲ့ နော်ဝေးပြည်မှ စုံတောမြိုင် ဆိုလားပယ်
မူရင်းဂျပန်လိုမှာတော့ မူရာကာမီက bias ဖြစ်ချင်စရာခေါင်းစဉ်ပေးခဲ့တော့ ဆရာသမားတွေ အလွယ်လိုက်တာပဲဖြစ်မယ်
ကိုယ်လည်း ရုပ်ရှင်ကို အားမရဘူး
english မူရင်းကို ၃ ခါလောက်ဖတ်ထားတော့ တော်တော်စိတ်ပျက်မိတယ်
မူရာကာမီ ဝတ္ထုတွေထဲမတော့ realism အကျဆုံး တစ်ပုဒ်လို့ပြောလို့ရမလားပဲ
-th
Post a Comment