အမှတ်တမဲ့ဆို အင်မတန် ပျင်းဖို့ကောင်းတဲ့ စာအုပ်လို့ ထင်ချင်စရာပဲ။
ထူကလည်း အထူကြီး။ ဘာသာရပ်ကလည်း Political Economy ဆိုတော့ scholar တွေအတွက်ပဲ ရေးထားတယ်လို့
ထင်မှာပဲ။ ဒါပေမယ့် တစ်ရက်လောက် အချိန်ပေးဖတ်လိုက်တော့ အရသာ တွေ့သွားတယ်။ Academic
တွေသာ အဖတ်များတယ်ဆိုပေမယ့် သာမန် လူပိန်းနားလည်အောင် ကောင်းကောင်းရေးထားတယ်။ ဟော့ကင်းရဲ့
နာမည်ကြီးတဲ့ Brief History of Time လိုမျိုး ဒီစာအုပ်မှာ သမိုင်းကို သက္ကရာဇ်တွေနဲ့
မရှုပ်ထွေးအောင်၊ စီးပွားရေးကို ကိန်းဂဏန်းတွေနဲ့ မျက်စိ မနောက်အောင် ရေးထားတယ်။ ဖတ်ရတာ
အရမ်းကြီး မလေးသလို ပေါ့ရွှတ်ရွှတ် အပေါ်ယံတွေချည်းပဲလည်း မဟုတ်ဘူးရယ်။
ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး
ဘယ်လို ပြောင်းလဲသလာပြီးတော့ အခုအခြေအနေထိ ဘယ်လို ဖြစ်လာသလဲဆိုတာ ခြေရာခံထားတယ်။ ဒီစာအုပ်မှာ
ထူးခြားတာက သမိုင်းကို personal level အထိ လျှော့ချထားတာပဲ။ နိုင်ငံတစ်ခုရဲ့ ကံကြမ္မာကို
အဆုံးအဖြတ်ပေးရာမှာ နိုင်ငံရဲ့ခေါင်းဆောင်တွေ၊ policy maker တွေရဲ့ အရေးကြီးပုံကို
တွေ့နိုင်တယ်။ ဖတ်ရတဲ့ အခန်းတိုင်းမှာ အဓိကဇာတ်ဆောင်တွေက အဲဒီခေါင်းဆောင်တွေပဲ။ သူတို့ရဲ့
နောက်ကြောင်းတွေ သူတို့ကို လွှမ်းမိုးတဲ့ ideology တွေ အကြောင်းပဲ ရှင်းပြသွားတယ်။ ဒီထဲမှာ
တစ်ခု သတိရမိတာက အပြောင်းအလဲတစ်ခု (ဥပမာ တော်လှန်ရေးတစ်ခု ဆိုပါတော့) စဖြစ်ဖို့ရာ လိုအပ်ချက်
သုံးခုရှိတယ်။ Idea ရယ်၊ စလုပ်မယ့် “လူ” ရယ်၊ အဲဒီသူ စ,နိုင်ဖို့ လုံလောက်တဲ့ ပတ်ဝန်းကျင်
အခြေအနေရယ်ပဲ။ အဲဒီ သုံးခုစလုံး ပြည့်စုံမှသာ အပြောင်းအလဲဖြစ်ဆိုတာ ဖြစ်နိုင်တယ်။
ခုနက ပြောခဲ့သလိုပဲ သမိုင်းဖတ်စာအုပ်တွေမှာလို အဖြစ်အပျက်တွေကို
တန်းစီပြီး မရေးဘဲ သူတို့ ဘာကြောင့် ဖြစ်သလဲဆိုတာကို အဲဒီ သုံးချက်နဲ့ ယှဉ်ပြီး ပြထားတယ်။
အဓိက မင်းသားကတော့ စစ်အေးတိုက်ပွဲပဲ။ လက်ဝဲဝါဒနဲ့ လက်ယာဝါဒ အာဏာပြိုင်တဲ့ အကြောင်းကိုပဲ။
သမိုင်းဆိုတာလည်း ဒါပဲကိုး။ Ideology ကို အဓိကထားပြီး ရေးထားတဲ့အတွက် abstract
reasoning တော့ အနည်းငယ် လိုကောင်းလိုမယ်။ ဖတ်ရင်းနဲ့ မပျင်းရအောင် fun facts လေးတွေ
ထည့်ထည့်ပြီး ရေးသွားတယ်။ ဥပမာ တိုနီဘလဲက Oxford မှာတုန်းက နိုင်ငံရေး စိတ်မဝင်စားခဲ့ဘဲ
The Ugly Rumours ဆိုတဲ့ ရော့ခ် band
မှာ သီချင်းဆိုခဲ့တာတို့၊ သူ့အမေဆုံးသွားတုန်းက အိပ်ယာထဲမှာ တစ်ညလုံး ထိုင်ပြီး
Bible ဖတ်နေခဲ့တာတို့ မျိုးတွေပါတယ်။ အဲလို Fun Fact တွေထည့်ထည့်ရေးတာ ဟားဗတ်ကျောင်းထွက်တွေမှာ
တွေ့တွေ့မိတယ်။ သန့်မြင့်ဦးမှာလည်းပါတယ်၊ Michael Sanders မှာလည်းပါတယ်။ ကျောင်းတုန်းက
အဲလိုရေးရင် အမှတ်ပိုရလို့များလား။ ဒါမှမဟုတ် သူတို့ ပြောပြောနေတဲ့ Narrative
Non-fiction ဆိုတာ အဲလိုရေးရတာလား မသိဘူး။
Documentary လိုမျိုး HBO က ပြန်ရိုက်ထားတာ ရှိတယ်ထင်တယ်။
Free Market ဆိုတာ ဘယ်လောက်ထိ free သင့်သလဲဆိုတဲ့ regulation ပြဿနာ၊ အမေရိကန်ရဲ့ နာမည်ကြီး
fiscal cliff ဘတ်ဂျတ်ကိစ္စ၊ အာရှရဲ့ ကျားတွေ နဂါးတွေ အကြောင်း၊ ဆိုဗီယက် ပြည်ထောင်စု
ပြိုကွဲတဲ့အကြောင်း၊ ဥရောပ ဘဏ်တွေရဲ့ အကြွေးသပွတ်အူ၊ စသည် စသည်ဖြင့် ဖတ်ရပါမယ်။ လမ်းပေါ်က
လူတစ်ယောက်အတွက်တော့ အဲဒါတွေ မသိလည်း အရေးမကြီးပါ။ ဖတ်ထားရင်တော့ လက်ဖက်ရည်ဆိုင်မှာ၊ အင်တာနက်မှာ ကိုယ့်ကိုယ်ကို Economist ကြီးတစ်ယောက်လို လူစုံတုန်း အာကျယ်ကျယ်နဲ့ ရွှီးမယ်ဆိုရင်ဖြင့် လူအထင်ကြီးခံရနိုင်ပါတယ်လို့ ထင်ပါကြောင်း။
No comments:
Post a Comment