Thursday, July 16, 2009

ဒီဟာ နင့်အတွက်....

မင်းငါ့ကို လွမ်းလားမသေချာပေမယ့် ငါ့အလွမ်းတွေကတော့ သေချာပါတယ် ချစ်သူ။ အထူးသဖြင့် မိုးသံ တဖြောက်ဖြောက်နဲ့ စိုစွတ်တဲ့ညတွေမှာ ငါ့အလွမ်းတွေ ခြောက်သွေ့နေပါတယ် ချစ်သူ။ နင်ပျော်နေပြီလား ချစ်သူ။ ငါကတော့ ငိုနေပါတယ်။ မျက်ရည်မကျတော့ပေမယ့် ရင်ထဲမှာ ဗြောင်းဆန်နေတယ်ချစ်သူ။ အဆင်မပြေတာတွေ ရှိပေမယ့် ငါနေတတ်အောင်ကြိုးစားနေပါတယ်။ ချစ်သူကိုငါ ထားရစ်ခဲ့တာလား။ ချစ်သူက ငါ့ကို ချန်ခဲ့တာလား။ မသေချာပေမယ့် ငါနင့်ကို အင်မတန်ချစ်ခဲ့တယ်ဆိုတာ သေချာပါတယ်ချစ်သူ။ ချစ်သူငါ့ကို ချစ်ခဲ့ရဲ့လား…….။


နင့်ရင်ထဲမှာ ငါရှိသေးလား။ တခြားတစ်ယောက်ကို အစားထိုးလိုက်ပြီလား။ ငါမသိပေမယ့် ငါ့ရင်မှာ နင်ဟာ မပြောင်းလဲဘဲ တည်ရှိနေပါတယ်ချစ်သူ။ “နင်က ငါ့ရဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံးပါ…” ဒီစကားကို ငါယုံနေပါသေးတယ် ချစ်သူ။ ငါတို့ကျောင်းရှေ့ရောက်တိုင်း လွမ်းနေဆဲပါချစ်သူ။ online ရောက်တိုင်းလွမ်းနေဆဲပါချစ်သူ။ ဆံပင်ရှည်ရှည် ကောင်မလေးမြင်တိုင်း ငါလွမ်းပါတယ်ချစ်သူ။ ချစ်သူငါ့ကို လွမ်းရဲ့လား…..။

အချိန်ဟာလူတစ်ယောက်ကို ပြောင်းလဲနိုင်ပေမယ့် ငါ့နှလုံးသားကို မပြောင်းလဲစေနိုင်ခဲ့ဘူးချစ်သူ။ ငါနင့်ကို စတွေ့ကတည်းက နှလုံးခုန်သံဟာ ဒီနေ့အထိတိုင် ရှိနေဆဲပါချစ်သူ။ ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးဟာ ငါ့ရင်မှာ ရှိနေဆဲပါချစ်သူ။ နင်ပြောခဲ့တဲ့ စကားလုံးတွေတိုင်း ငါ့မှတ်ဥာဏ်မှာ ကျန်ပါသေးတယ်ချစ်သူ။ နင်ပေးခဲ့တဲ့ လက်ဆောင်အားလုံး ပုံစံမပျက် ရှိပါသေးတယ်ချစ်သူ။ ငါ့ရင်မှာ နင်ဟာ ထာဝရ ရှိနေပါသေးတယ်ချစ်သူ။ ချစ်သူ ရင်ထဲမှာ ငါရှိသေးရဲ့လား…..။

နင်ဘာတွေလုပ်နေလဲချစ်သူ။ နင်ဘယ်သူနဲ့ ဖုန်းပြောနေလဲ ချစ်သူ။ နင်ဘယ်သူနဲ့ chat နေလဲ ချစ်သူ။ နင်ဘယ်သူနဲ့ ချိန်းတွေ့နေပြီလဲချစ်သူ။ နင်စာကျက်ရဲ့လားချစ်သူ။ နင်သင်တန်းမှန်မှန်သွားရဲ့လား ချစ်သူ။ နင့်အိမ်နဲ့ အဆင်ပြေရဲ့လားချစ်သူ။ နင်ဘယ်ကျောင်းတက်မှာလဲ ချစ်သူ။ နင့် mp4 လေး ပြန်ကောင်းသွားပြီလား ချစ်သူ။ နင့် သူငယ်ချင်းတွေနဲ့ရော တွေ့ဖြစ်ရဲ့လားချစ်သူ။ နင် အိမ်ပြန် နောက်ကျတုန်းပဲလားချစ်သူ။ နင့် တူလေးကော ချစ်စရာကောင်းရဲ့လားချစ်သူ။ နင် မုန့်ဖိုးတွေကော မှန်မှန်ရရဲ့လားချစ်သူ။ နင်အစစ အရာရာ အဆင်ပြေရဲ့လားချစ်သူ။ နင်…… နင့်ကိုငါလွမ်းသလို ငါ့ကိုလွမ်းရဲ့လားချစ်သူ………။

ငါအခု….. ဘယ်သူနဲ့မှ ဖုန်းမပြောဖြစ်ဘူး ချစ်သူ။ ဘယ်သူနဲ့မှလဲ မ chat ပါဘူးချစ်သူ။ ဘယ်တစ်ယောက်နဲ့မှ ချိန်းမတွေ့ပါဘူးချစ်သူ။ စာတွေလဲ မကျက်ဖြစ်ဘူးချစ်သူ။ သင်တန်းသွားချင် စိတ်လဲမရှိဘူးချစ်သူ။ အိမ်မှာလဲ အဆင်မပြေဘူး ချစ်သူ။ ငါ ကျောင်းမတက်ဖြစ်ဘူး ထင်တယ်ချစ်သူ။ ငါ့ mp4 ကို ငါနံရံကို ပစ်ပေါက်လိုက်မိပြီချစ်သူ။ သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့ဖြစ်ပါတယ်ချစ်သူ။ အိမ်ပြန်နောက်မကျတော့ပါဘူး ချစ်သူ။ ငါ့တူမလေးကို ဓာတ်ပုံပဲ ကြည့်ရသေးတယ်ချစ်သူ။ မုန့်ဖိုးတွေလဲ သိပ်မရတော့ဘူးချစ်သူ။ ငါ အဆင်မပြေဘူးချစ်သူ။ ငါ့ ဘဝမှာ နင်လိုနေသေးတယ် လေူ…………….။

3 comments:

Anonymous said...

ခံစားလိုက်ရတယ်မောင်လေးရယ် (ပန်းကန်ပြားနဲ့).

Unknown said...

Eraser lar?

Unknown said...

Eraser lar?