Saturday, July 11, 2009

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်ညသန်းခေါင် ဤအမှောင်တိုက်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေသော်လည်း ငါကားမတုန်လှုပ်။ မငိုကြွေး။ ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ဦးကားမညွှတ်။

ဤလောဘဒေါသကြီးစိုးရာ ဌာန၏အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်ဖွက်ရာ ငံ့လင့်လျက်ရှိ၏။ သို့သော်လည်း ငါ့အားမတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ ငါကားဂရုမပြု။ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်ဝိဥာဉ်၏ အကြီးအမှူးဖြစ်လေသည်။

William Ernest Aenley(1849-1903) ၏ Invictus အား ဘာသာပြန်ဆိုထားပါသည်။

No comments: