Thursday, July 9, 2009

အနာဂတ်???

ဆယ်တန်းလဲ ဖြေပြီးသွားပြီ..။ အောင်စာရင်းတွေလဲ ထွက်ပြီးသွားပြီ...။ အမှတ်တွေလဲသိပြီးသွားပြီ...။ ကဲ... ရွေးချယ်ရတော့မည်..။ ဘာတက်မှာလဲ...။

ရယ်ရတယ်...။ တွေ့တိုင်းမေးနေကြတယ်..။ “ဘာတက်မှာလဲ”..တဲ့..။ မေးတိုင်းဖြေနေရတယ်..။ မသိဘူးလေ လို့..။ အင်းလေဗျာ..။ ဒီနိုင်ငံမှာ တက်စရာဆိုလို့ ဘာရှိလို့လဲ...။ ဆေးအမှတ်မီရင် ဆရာဝန်လုပ်..။ ပိုက်ဆံလိုချင် သင်္ဘောသီး..အဲလေ.. သင်္ဘောသားလုပ်..။ ကျန်တာတွေ အားလုံး GTC သွား..။ ထန်းရည်သောက်..။ ဖဲရိုက်..။ ဒါပဲရှိကြတယ်..။


ကိုယ်တွေ စိတ်ဓာတ်ကလဲ ခက်တယ်..။ ဆရာဝန်ဆိုလဲ မလုပ်ချင်..။ သင်္ဘောသားဆိုရင် ကမ္ဘာ့ပျင်းစရာ အကောင်းဆုံးအလုပ်လို့ သတ်မှတ်ထားတယ်..။ ပိုက်ဆံတော့ ရပါရဲ့...။ ဒါပေမယ့်.. စဉ်းစားကြည့်ရင် ရေထဲမှာ ထောင်ကျရမယ့်အလုပ်..။ ကိုယ်နဲ့မကိုက်ပါဘူး...။ ပျင်းလို့သေလိမ့်မယ်..။ အင်ဂျင်နီယာဆို မပြောနဲ့တော့..။ ငယ်ငယ်ကတည်းက လျှပ်စစ်နဲ့မတည့်တာ..။ ဆယ်တန်း Physics မှာတောင် လျှပ်စစ်အခန်းပယ်တယ်..။

ပြီးတော့ရှိသေးတယ်..။ တွေ့တိုင်းမေးကြတော့ ဘာတက်မလဲတဲ့..။ မသိသေးဘူးပေါ့...။ ဆက်မေးတယ်..။ ဘာဖြစ်ချင်တာလဲ...တဲ့..။ ဘာဖြေရမှန်းတောင်မသိတော့ဘူး..။ ဖြစ်ချင်တာပြောလိုက်မယ်လေ..။ Bill Gates လို သူဌေးကြီးဖြစ်ချင်တယ်...။ ဘယ်လိုလုပ်ရမလဲ...။ အဲလို ပြန်မေးတော့လဲ ဘာပြောရမှန်းမသိကြတော့ဘူး..။

လောလောဆယ်တော့ စဉ်းစားထားတယ်..။ တက္ကသိုလ်ကတော့ ကြုံရာတစ်ခုခု အမှတ်မှီတဲ့ဟာတစ်ခု တက်လိုက်မယ်..။ ပြီးရင် BARS (Bachelor of Religious Studies) တက်မယ်..။ ပြီးရင် ဝါသနာပါတဲ့ web design တက်မယ်..။ ဒါပဲ..။ အိမ်ကတော့ ပြောသားပဲ..။ ကြီးပွားဦးမယ်တဲ့..။ နေပါစေ..။ ဝါသနာပါတာပဲ လုပ်မယ်..။ မကြီးပွားလဲနေပေါ့..။ ဂရုမစိုက်ပါဘူး..။

“ငါ့သမိုင်းကို ငါရေးမည်။ ငါ၏ငှက်များ ကောင်းကင်သို့ လွတ်လွတ်လပ်လပ် ပျံစေသတည်း”

No comments: