Wednesday, December 8, 2010

ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရသည့်အကြောင်းရင်း (မြင့်သန်း)

Download Here ---> ဒီနေရာကို click ပါ


"...ကိုယ်ပိုင်အမှန်တရားဆိုတာကို လာပြီး အကြောက်အကန် ငြင်းနေလို့ကဖြင့် နှစ်တစ်လက်မကောင်းကောင်းတစ်ချောင်းကိုင်ပြီး လက်တွေ့နည်းလမ်းတကျ အမှန်တရားဆိုတာကို ရှင်းပြလိုက်ရုံပဲ။..."

"...မြောက်ဝင်ရိုးစွန်းက ရေခဲတုံးတွေ အရည်ပျော်လာလို့ ကမ္ဘာကြီး ပိုမိုပူနွေးလာတယ်လို့ သူ့ရှေ့မှာ ပြောကြရင် ဒီလိုဖြင့် လာမယ့် ဆောင်းမှာ စောင်ထပ်ဝယ်စရာ မလိုဘူးပေါ့လို့ပဲ သူက ပြောလေ့ရှိတယ်။..."

"...လူကြီးတွေပြောပြောနေတဲ့ အသက်အားဖြင့် တစ်ရက် တစ်မွန်းတည့် တစ်မနက်၊ တစ်နာရီ၊ တစ်စက္ကန့်ကြီးတဲ့လူကို ရိုသေရမယ်ဆိုတာ တရားတာပဲ။ အထူးသဖြင့် ကိုယ်က အသက် ပိုကြီးနေရင် ပိုပြီး တရားသေးတယ်။..."

"...မင်း မှတ်ထား။ ရိုသေပြတယ်ဆိုတာတို့ ဘာတို့က လူ့အဖွဲ့အစည်းကြီးက ဖန်တီးထားတာ။ လူ့အဖွဲ့အစည်းတိုင်းမှာ အဲဒီထွင်လုံးတွေ ရှိတယ်။ အရင်လူက နောက်လာတဲ့လူကို သူလုပ်ချင်တာ လုပ်လို့ရအောင် ထွင်ထားခဲ့တာ။ အစဉ်အဆက် စားလို့ကောင်းအောင်၊ ဝါးလို့ကောင်းအောင် စားကြော ထွင်ထားတာ.."

"...တီဗွီက လာတာတွေဟာ ဖြေဖျော်မှုပေးတာတော့ မှန်တယ်။ အဲဒီဖြေဖျော်မှုကြောင့် လူရဲ့ သိနိုင်တဲ့ အတိုင်းအတာတွေ ပျင်းရိသွားတတ်တယ်ဆိုပဲ။ သူများရဲ့ အားထုတ်မှုနဲ့ ကိုယ့်ရဲ့ ပျင်းရိမှုဟာ အခိုက်အတန့်ပဲ ပျောက်မှာ။ ဖြေဖျော်မှု ပြီးသွားရင် ပိုတောင် ပျင်းရိငြီးငွေ့သွားဦးမှာတဲ့။ ဥပမာ ဘောလုံးပွဲ ထိုင်ကြည့်တာမျိုး..."



"...ဘာသာစကားရဲ့ ရိုးအမှု အစဉ်အလာကြီးကို အပြစ်ပြောရမှာပဲ။ သူများဘာသာစကားမှာလို ဟိုင်းတို့၊ ဟဲလိုတို့မှ မရှိဘဲ။ ဒီတော့ ကြုံရာနဲ့ စရတော့တယ်။ ဒီတော့ ကြုံရာစ စနစ်အခြေခံ နှုတ်ဆက်နည်းလို့ ပြောရတော့မှာ..."

"...ကျွန်တော်တို့ ဆိုတာက ကျွန်တော်ရယ်၊ ဘမြင့်ရယ်၊ ကောလိပ်ကျောင်းဆရာရယ်မှ မဟုတ်ဘူး။ အားလုံး လူတိုင်း။ လူတွေမှာ ဘာများကြီးကြီးကျယ်ကျယ် ပြောစရာရှိနေလို့လဲ။ မိုးလင်းတယ်။ မိုးချုပ်တယ်။ အိပ်ရာက ထတယ်။ အိပ်ရာ ဝင်တယ်။ ပျော်တဲ့လူရှိတယ်။ ဝမ်းနည်းတဲ့လူရှိတယ်။ ပိုက်ဆံချမ်းသာလို့ စိတ်ချမ်းသာတယ်။ ပိုက်ဆံမရှိလို့ စိတ်မချမ်းသာဘူး။ ပိုက်ဆံမရှိရင် ဖိနပ်အသစ် မဝယ်နိုင်သေးလို့ စီးနေတဲ့ဖိနပ်ကို ထိန်းစီးနေရလို့ စိတ်မချမ်းသာဘူး။ ဟော ပိုက်ဆံရှိတော့ အိပ်ချင်တဲ့လူနဲ့ အိပ်လို့ရတယ်..."

"...ဆရာတို့ ကြီးပြင်းရတဲ့ခေတ်နဲ့ ကျွန်တော်တို့ခေတ်နဲ့က မတူဘူး မဟုတ်လား။ ဒီတော့ ကာလတရား မတူညီမှုမှာ အခြေခံလို့ မတူညီခဲ့တဲ့ အတွေ့အကြုံ အသိအမြင်ကလေးတွေပေါ့ ဆရာရယ်လို့ ..."

"...လူဆိုတာ အဲဒီလိုပဲ။ သူတို့ရဲ့ သီးခြားစနစ်တွေအထဲမှာ မှန်နေကြတာချည်းပဲ။ နိဒါန်းအဆိုတွေ မှန်ကောင်းမှန်မယ် မှားကောင်း မှားနေမယ် ဒါပေတဲ့ သူတို့ရဲ့ သီးခြားစနစ်ထဲမှာတော့ နိဂုံးတွေဟာ မှန်နေတာချည်းပဲ။ ဒီတော့ ဘယ်သူက ဘယ်သူ့ကို ဘာများပြောစရာ ရှိနေတော့မှာလဲ..."

"...ဝတ္ထုရေးဆရာမှာက ခင်ဗျားတို့ ဘမြင့်တို့မှာမရှိတဲ့ စွမ်းအားတစ်မျိုးရှိတယ်။ အဲဒါက ဖန်တီးနိုင်စွမ်းပဲ။ ခင်ဗျားတို့လို့ လူသာမန်တွေ၊ သာမန်လူတွေ၊ ပညာရှိတွေ၊ ပညာတတ်တွေမှာ မရှိတဲ့ စွမ်းရည်တစ်မျိုးဗျ..."

"...သူက လူတော်။ လူတော်မဖြစ်လို့ မဖြစ်ဘူး။ ကျွန်တော့်လိုကောင်မျိုးနဲ့ သူငယ်ချင်းဖြစ်နေမှတော့ လူတော်ဖြစ်ရမှာပဲ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ခပ်ညံ့ညံ့ လူ ရှားတယ်။ ပထမတန်း နံပါတ်ဝမ်း၊ တစ်ဂဏန်းထဲက လူတွေမဟုတ်တောင် ဒုတိယက ပထမမဟုတ်ဘူးဆိုတာ လောက်တော့ သိတယ်..."


Download Here ---> ဒီနေရာကို click ပါ

3 comments:

Anonymous said...

လင့်က လစ်သွားပီခင်ဗျ။ ဘယ်လိုဆွဲလို့ရနိုင်သေးလဲ ညွှန်းပါ။

Arkar Kyaw said...

ပြင်ကြည့်လိုက်တယ်။ ရသလားမသိဘူး။

Anonymous said...

ဒေါင်းလို့မရတော့ဘူးဗျို.