Thursday, July 16, 2009

ဒီဟာ နင့်အတွက်....

မင်းငါ့ကို လွမ်းလားမသေချာပေမယ့် ငါ့အလွမ်းတွေကတော့ သေချာပါတယ် ချစ်သူ။ အထူးသဖြင့် မိုးသံ တဖြောက်ဖြောက်နဲ့ စိုစွတ်တဲ့ညတွေမှာ ငါ့အလွမ်းတွေ ခြောက်သွေ့နေပါတယ် ချစ်သူ။ နင်ပျော်နေပြီလား ချစ်သူ။ ငါကတော့ ငိုနေပါတယ်။ မျက်ရည်မကျတော့ပေမယ့် ရင်ထဲမှာ ဗြောင်းဆန်နေတယ်ချစ်သူ။ အဆင်မပြေတာတွေ ရှိပေမယ့် ငါနေတတ်အောင်ကြိုးစားနေပါတယ်။ ချစ်သူကိုငါ ထားရစ်ခဲ့တာလား။ ချစ်သူက ငါ့ကို ချန်ခဲ့တာလား။ မသေချာပေမယ့် ငါနင့်ကို အင်မတန်ချစ်ခဲ့တယ်ဆိုတာ သေချာပါတယ်ချစ်သူ။ ချစ်သူငါ့ကို ချစ်ခဲ့ရဲ့လား…….။

Saturday, July 11, 2009

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်ညသန်းခေါင် ဤအမှောင်တိုက်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေသော်လည်း ငါကားမတုန်လှုပ်။ မငိုကြွေး။ ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ဦးကားမညွှတ်။

ဤလောဘဒေါသကြီးစိုးရာ ဌာန၏အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်ဖွက်ရာ ငံ့လင့်လျက်ရှိ၏။ သို့သော်လည်း ငါ့အားမတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ ငါကားဂရုမပြု။ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်ဝိဥာဉ်၏ အကြီးအမှူးဖြစ်လေသည်။

William Ernest Aenley(1849-1903) ၏ Invictus အား ဘာသာပြန်ဆိုထားပါသည်။

Friday, July 10, 2009

အိပ်မက်=ရည်မှန်းချက်=ပန်းတိုင်=သုည

ဟိုငယ်ငယ်တုန်းက ဘာမှန်းညာမှန်းစသိကတည်းက ခုနှစ်တန်း ရှစ်တန်းလောက် ကစပြီး အသိဥာဏ်ထဲမှာ ရည်မှန်းချက် ဆိုတဲ့ ဟာလေး တစ်ခုပေါ်လာခဲ့ဖူးတယ်။ အဲဒီတုန်းကလဲ လူကြီးတွေက တွေ့တာနဲ့ “ကောင်လေး... ကြီးလာရင် ဘာလုပ်မှာလဲ” လို့ပဲ မေးကြတယ်လေ။

ကျွန်တော့်တစ်သက်မှာ ပထမဦးဆုံး ဖြစ်လာတဲ့ ရည်မှန်းချက်က ရုပ်ရှင်မင်းသားလုပ်ဖို့ဗျ။ ငယ်ငယ်တုန်းက အရမ်းနာမည်ကြီးချင်တာ။ ပြီးတော့ မင်းသားအလုပ်က လူလဲ သက်သာသေးတယ်။ ရေလဲ အင်မတန်လျှံတာလား။ ကိုယ်သွားတဲ့ နေရာတိုင်းမှာ ကိုယ့်ကို သိနေမယ်။ ကိုယ့်ကို လိုက်ကြည့်မယ်။ ရုပ်စွအဆုံးဗျာ။ လူသေရင်တောင် နာမည်မသေဘူးလေ။ ရုပ်ရှင်မင်းသားလုပ်ချင်တာက နည်းနည်းပါ။ နာမည်ကြီးချင်တာက ပိုမယ်။

Thursday, July 9, 2009

The Square Root of Three

I’m sure that I will always be
A lonely number like root three

The three is all that’s good and right,
Why must my three keep out of sight
Beneath the vicious square root sign,
I wish instead I were a nine

For nine could thwart this evil trick,
with just some quick arithmetic

I know I’ll never see the sun, as 1.7321
Such is my reality, a sad irrationality

When hark! What is this I see,
Another square root of a three

As quietly co-waltzing by,
Together now we multiply
To form a number we prefer,
Rejoicing as an integer

We break free from our mortal bonds
With the wave of magic wands

Our square root signs become unglued
Your love for me has been renewed

အနာဂတ်???

ဆယ်တန်းလဲ ဖြေပြီးသွားပြီ..။ အောင်စာရင်းတွေလဲ ထွက်ပြီးသွားပြီ...။ အမှတ်တွေလဲသိပြီးသွားပြီ...။ ကဲ... ရွေးချယ်ရတော့မည်..။ ဘာတက်မှာလဲ...။

ရယ်ရတယ်...။ တွေ့တိုင်းမေးနေကြတယ်..။ “ဘာတက်မှာလဲ”..တဲ့..။ မေးတိုင်းဖြေနေရတယ်..။ မသိဘူးလေ လို့..။ အင်းလေဗျာ..။ ဒီနိုင်ငံမှာ တက်စရာဆိုလို့ ဘာရှိလို့လဲ...။ ဆေးအမှတ်မီရင် ဆရာဝန်လုပ်..။ ပိုက်ဆံလိုချင် သင်္ဘောသီး..အဲလေ.. သင်္ဘောသားလုပ်..။ ကျန်တာတွေ အားလုံး GTC သွား..။ ထန်းရည်သောက်..။ ဖဲရိုက်..။ ဒါပဲရှိကြတယ်..။