Saturday, September 26, 2009

ဖတ်ပြီးရင်မေ့ပစ်လိုက်ပါ

“ကြယ်ဆိုတာ ကြွေတတ်တယ်...။ မျှော်လင့်ချက်ဆိုတာလဲ သေတတ်တယ်...” ကြယ်တွေကို ငေးတတ်တဲ့ ငါ... ကြယ်တွေကိုတောင် မုန်းချင်လာပြီ။ ငါ့ဘဝမှာ.. ကြယ်တွေကြွေတာများပြီ... အတော်လေးတော့ များနေပြီ...။ ဒီလောက်ဆိုရင်တော့ ရပြီ ရပြီ။ ငါ... မျှော်လင့်ရမှာကို ကြောက်လာပြီ...။

“ငါတို့က အသိုင်းအဝိုင်းနဲ့နေတာ။ နင့်အဖေက '........' ။ နင်က ဒီလိုဖြစ်နေလို့ရမလား...။ ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်...။ ......................” ရပြီ ရပြီ။ ငါမှားတာပဲ နေမှာပါ...။ maybe ငါက ဒီအသိုင်းအဝိုင်းနဲ့ မထိုက်တန်လို့နေမှာပါ..။ လောကမှာ အဖြူရောင်ဆိုတာ မရှိတော့ဘူးလား..။ ဒါမှမဟုတ် အားလုံးကဖြူပြီး ငါတစ်ယောက်ပဲ မည်းနေတာလား...။ ရပါတယ်လေ..။ ငါပဲမှားပါတယ်..။ အချိန် အတိုင်းအတာတစ်ခုရောက်ရင်...။ အင်း..။ အချိန် တစ်ခုကို ရောက်လာရင်ပေါ့........။


၁၆ နှစ်မှာ ကျတဲ့မျက်ရည်... ၁၆ ခါတောင်မကတော့ဘူး။ ကြွေလိုက်တဲ့ ကြယ်တွေကလဲ တဖြုတ်ဖြုတ်...။ ဘယ်မှာလဲ ဘုရားသခင်...။ ဘယ်မှာလဲ လွတ်လပ်မှု..။ ဘယ်မှာလဲ လူ့အခွင့်အရေး...။ ဗုဒ္ဓကတော့ လောဘမီးလို့ပြောတယ်...။ မျှော်လင့်ချက် = ဖြစ်လာရင်ကောင်းတယ်။ မဖြစ်လာခဲ့ရင်တော့..... nothing can help you. ဟုတ်တယ်....။ "nothing" can help you. "nothing" ကပဲ ကယ်နိုင်မယ်...။ နောက်တစ်ခါ မဖြစ်ဖို့.... ဘာမှ မမျှော်လင့်သင့်တော့ဘူး...။ ဘဝကို... အလျားလိုက်ပဲ ဖြတ်သန်းတော့မယ်...။ မျှော်လင့်ချက်... မရှိ။ ဘဝ.. မရှိ။ ငါ... မရှိ။ နတ္တိ နတ္တိ နတ္တိ နတ္တိ နတ္တိ။

ငါ = ဗလာ

No comments: