Tuesday, December 29, 2009

အဲဒီလိုနဲ့ သူတို့နှစ်ယောက် . . .

ဒီနေရာတွင် ဇာတ်လမ်းစသည်။ . . .

(၁)
ကောင်းကင်တွင် ကြယ်တစ်လုံး ကြွေသွားသည်။ သူမော့ကြည့်နေမိ၏။ ဆုတောင်းဖို့ကို သတိမရ။ အဖော်တစ်ယောက် ပျောက်ဆုံးသွားသော လမင်းကြီးကို သနားနေမိသည်။ ကိုယ်ချင်းစာမိပါသည်။ ထိုခံစားချက်ကို ကိုယ်သိသည်၊ ကိုယ်ကောင်းကောင်းသိသည်လေ။ ကိုယ့်ကောင်းကင်တွင် ကိုယ်တစ်ယောက်တည်း ရှိနေခဲ့တာ ကြာခဲ့ပါပြီ။ အင်း . . . ။ ကြာခဲ့ပါပြီ။ သူ့စိတ်များက လွန်ခဲ့သော တစ်နှစ်ကျော်အချိန်များဆီသို့ ရောက်ရှိသွား၏။ မှတ်ဥာဏ်ထဲတွင် ရုပ်ရှင်ကားချပ်များ ပေါ်လာခဲ့သည်။ တဖျပ်ဖျပ် လှုပ်ရှားနေခဲ့သော ပုံရိပ်များ၊ မှတ်ဥာဏ်များ၊ ခံစားချက်များ . . .